စံတော်ချိန်

Bookmark and Share
******************************************************** အမြဲလေးစားလျှက်ပါ"အဖေ"


MusicPlaylistRingtones

အမေ

အမေ့အေးရိပ်မှာ ခိုလှုံနေတဲ့အချိန်တုန်းက အမေ့ရင်ခွင်ဟာ အရာရာထက်ပိုပြီးလုံခြုံတယ်ဆိုတာ မသိခဲ့ဘူးအမေ ဘ၀လမ်းကို ဖြတ်သန်းကြည့်လို့ အဆင်မပြေတာတွေ အခက်အခဲတွေ ဒုက္ခဆိုတာတွေနဲ့ ကိုယ်တိုင်တွေ့ရမှပဲ အမေ့အိမ်ကို လွမ်းမိတယ်အမေရယ်......... အမောတွေေ့ပြပြီး အင်အားသစ်တွေရဖို့အတွက် အမေ့ဆီကိုပြန်လာခဲ့ပါဦးမယ် အမေ့အတွက်သားချစ်သူကိုပေးခဲတဲ့ဂရုစိုက်မူတွေအမေကိုပေးချင်တယ် အမေ့ကျေးဇူးကိုသတိရတယ်။

အမေ့ဂုဏ်ရည်

ပြုစုစောင့်လျှောက် မပျက်တမ်း မမောမပန်း မေမေကြိုးပမ်း ယခုချိန်မက ကလေးမှစ မေမေသည်သာ ထိန်းခဲ့ရ ထာဝရဂရုဏာ အစိုင်အခဲဟာ မေမေ့ မေတ္တာတစ်ခုတည်းသာ ဘယ်သူတုတု " တု " မရ မေမေ့ မေတ္တာနက်ရှိုင်းလှ ... အားလုံးသော မိခင်များအား ဤကဗျာလေးဖြင့် ဂုဏ်ပြုပါသည်

အမေရယ်

အဲဒီလို လွတ်လပ်စွာ လှောင်ပိတ်မိချိန်မျိုးမှာ ကျွန်တော် ခပ်တိုးတိုးလေး ရေရွတ်မိသမျှ အမေ့ကို သတိရတဲ့အကြောင်း မျက်ရည်တွေနဲ့ စာလုံးပေါင်းပြမယ် ကျွန်တော့်ရှေ့က ကွန်ပျူတာဖန်သားပြင်ဟာ တစ်ကမ္ဘာလုံးကို အပေါ်စီးက ကြည့်နိုင်ပေမယ့် အမေ့အိမ် မပါနိုင်ခဲ့တာ သား ရင်နာတယ် အမေရယ် အင်တာနက်ဆိုပေမယ့် အမေ့လို မကြင်နာတတ်ဘူး ကျွန်တော်ကတော့ ကူးလို့ခတ်လို့ ရောက်လိုရောက်ငြား အိပ်မက်ချိုခါးတွေ တပွေ့တပိုက်နဲ့ပေါ့ အမေ ပထမဆုံး လှေကားတစ်ထစ်အတွက် သုံးနှစ်တိတိ ဖြတ်ရမတဲ့ ကျွန်တော့်ရင်ထဲက ငိုမဲ့မဲ့မျက်နှာဟာ အမေ့ကို တမ်းတနေပါတယ် ကျွန်တော် အကြိမ်ကြိမ်ခူးစားခဲ့ပေမယ့် အရသာမခံစားတတ်ခဲ့မိတာ ခွင့်လွှတ်ပါ အမေ အခုအချိန်ဆို ဘယ်လိုပဲ ဝေေ၀ ကျွန်တော် အမေ့အနား နေခွင့်မရတော့ဘူး အမေ့ဆီကစာ အကြိမ်ကြိမ်ဖတ်ရင်း အမေ့ကို ပြင်းပြင်းရှရှရှူသွင်း (ဒီလိုနဲ့ပဲ ... ) ကျွန်တော့် အဆုတ်ဟာ သန့်ရှင်းခဲ့ပေါ့ အမေ တစ်ခါတစ်ခါ ကျွန်တော်က သီချင်းဆို ဂစ်တာက ငိုနဲ့ ကောင်းကင်တစ်ခုလုံး ပြိုကျမတတ် မှိုင်းညှို့ အမေရယ် အလွမ်းတွေ ပျို့ပြီး သားအန်ခဲ့မိတာ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ရှိခဲ့ပါပြီလဲ အမေ အမေ အမေ အခါခါခေါ်နေမိဆဲ မိုးကလည်း မစဲသေး.. ။ ။ { မောင်သံခဲ }

အမေ့လက်ရာ

နံနက်မိုးသောက် အလင်းရောက်တော့ အိပ်ရာကထအိမ်ရှေ့ ထွက်လာ ပဲပြုပ်ဆိုတာအော်လာပါရောလား။ အမေပြင်ပေး ထမင်းကြမ်းနဲ့ ပဲပြုပ်ဆီဆမ်းလေးကိုလည်း လွမ်းလိုက်ရတာယနေ့ထိပါ။ နေ့လည်ရောက်တော့ အမေဈေးမှဝယ်ခြမ်းပြန်လာ ချက်ပြုပ်ကာနှင့် ငပိ တို့စရာ ဟင်းလျားအစုံ သမီးအကြိုက် ပြင်ဆင်လို့ပေါ့......။ ညနေခင်းရောက် လုစုံထမင်းဝိုင်း စားလိုက်ကြတာ အမေ့လက်ရာ ကုန်ပါရော့လား။ ညချမ်းကြတော့ လက်ဖက် ရေနွေး အစုံလေးနဲ့ ထွေရာလေးပါ စကားဝိုင်းမှာ အမေ့ပြောစကားအခွန်းမှာတော့ သမီးကြီးရယ်.......စံပယ်လေးရယ် မေမေချစ်တယ်။

လွမ်းဆွတ် သတိရဆဲပါ အမေ

ရာသီ အလီလီပြောင်းခဲ့လည်း မနေ့တစ်နေ့ကလိုပဲ အမေ အမေ ထွက်သွားတဲ့ရက် အိပ်မက်တစ်ခုလို ထင်မှား အမေ့ ပုံရိပ်တွေ ရှင်သန်နေဆဲပါ။ မြို့ပြတစ်ခုရဲ့ရင်ခွင် သားဝင်ကာနားခို အမေ့ရွာလောက် မပျော်ဘူး။ မိုးမျှော်တိုက်တွေက ခိုင်ခံ့ အမေ့တဲအိုလောက် မလုံခြုံဘူး။ ပီဇာတွေ၊ ဘာဂါတွေစား အမေ့ ထမင်းကြမ်းလောက် မမြိန်ဘူး။ မြို့ပြတွေရဲ့ နေရောင်ခြည် အမေ့ ရင်ခွင်လောက် မနွေးထွေးဘူး။ နီယွန်မီးတွေ ထိန်လင်း လမ်းပြကြယ်တွေ ဘယ်နှစှ်စင်းလင်းလဲ အမေ့ရဲ့ လမ်းညွှန်မှုမရှိလို့ အနာဂတ်ဟာ မဲမှောင်နေဆဲပါ အမေ။ "ဘယ်တော့မှ မငိုနဲ့ ".....တဲ့ အမေ့ရဲ့ နောက်ဆုံးစကားတစ်ခွန်း သားအတွက် ခွန်အားဖြစ်လို့ ကျလုလုမျက်ရည်တွေ မျိုသိပ် လောကဓံရဲ့ မုန်တိုင်းကြား အခါးအသီးတွေ ခါးစည်းခံရင်း ဘ၀လှေကို အားမာန်နဲ့ လှော်ခတ်ဆဲပါအမေ။ ဘ၀မှာ အမေသာ စံပြ အမေ့ကို နမူနာယူလို့ အမေတူသမီး ပီသစွာနဲ့ ကံကြမ္မာရဲ့ ဇာတ်ကွက်တွေအောက်မှာ အံကြိတ်လို့ ဟန်ချက်ညီညီ ကရင်း အမေ့ကို လွမ်းဆွတ် သတိရဆဲပါ အမေ။ (ကဗျာနာမည်မသိပါ ကဗျာ ခေါင်းစဉ်မသိပါ ဘယ်သူရေးလဲမသိပါ သူငယ်ချင်းတစ်ယောက်ပို့ပေးတာဖြစ်ပါသည်)

တိုးအေးပေါ်မှအိုမိခင်

မမျှော်မလင့်ကြိုသင့်သို့ ရင်နင်ဖွယ်ရာသည်ဆတ်ခါမျှ ကြမ္မာကဆိုးလွမ်းဇာတ်ပျိုးသည် တိုးအေးနစ်သောထိုတစ်နေ့ ထိုနေ့မှသည်ညညနေ့နေ့ မြင်တွေ့မကောင်းသည်မြစ်ကြောင်းမှာ အလောင်းထပ်မျှမြင်နေရခဲ့။ နွေရက်လျား၍ ဆယ့်ငါးရက်မြောက်ခါချိန်ရောက်မှေ၇အောက်ပဖော်တိုးအေးပေါ်ဝယ် ညိုလျော်ကြေကွဲမိခင်ဇွဲကို အသည်းနင်ဖွယ်တွေ့ရသည်။ အရိုးစုမျှကြွင်းသော်မှပင် ချစ်လှရင်သွေးသူ့ကလေးအား ထွေးဆဲပိုက်ဆဲ့ယုယဆဲဟု သဲသဲမဲမဲပြနေသူ။ ရေစီကလှုပ် လှိုင်ကပုတ်၍ စုပ်သည့်ရေမွာ စားသည့်ရေပို အကြောင်းဆိုးလည်း တိုးကာထပ်ကာမေ့သည်းချာအား မကွာမကွဲ ပိုက်ပွေ့ဆဲ။ အို...မိခင်.......... သင် ဘေးကင်းရာ ကူးခပ်၍လွတ်ရာအဝေး ပြေးနိုင်ပါလျက် မပြေးရက်၍ အသက်စတေး လိုက်ရောလား..။ အို....မိခင်....ကိုယ်လျှင်မချိ အမိသော်လည်းသားတော်ခဲဟု စွဲလာဆိုထုံးစအားလုံးကို ချေမှုန်းတော်လှန်လိုက်ရောသား..။ အို.....မိခင်...... သင်နှင့်အတူသင့်သည်းအူနှယ် ရည်တူပြည့်သိပ်မိခင်စိတ်ဖြင့် ယိုဖိတ်မေတ္တာစေတနာကို ခါခါ ဦးညွှတ်လိုက်ပါ၏။ (သမိန်သောင်း)

ထာဝရမိခင်

ပေးဆပ်ခြင်းဆိုတာ ထာဝရဆုပ်ကိုင်ထားပြီး ရယူခြင်းဆိုတာ အရှင်းမရှိတဲ့ အမေ.....။ ထာဝရမေတ္တာပေး သားသမီးတွေရှေ့ရေး အမှားမဖြစ်ရလေအောင် ငယ်စဉ်ကတည်းက သွန်သင်ဆုံးမခဲ့တဲ့ အမေ....။ ရင်ထဲမှာ တိုးတိုးတိတ်တိတ်နဲ. သားသမီးတွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ အမေ့မေတ္တာကို ဘယ်အရာနဲ. နှိုင်းလို.ရမလဲ ရင်ဝယ်အစဉ် ဘယ်တော့မမေ့ အမေ့အချစ် မွေးသမိခင်ကို ထာဝစဉ်ဦးတိုက်လျှက်ပါ.....။

အဝေးရောက်လိပ်ပြာ

...အမေ... လွမ်းလိုက်တာလို့ တမ်းတလိုက်ရင်ဖြစ် ရင်မှာမချိပါဘူး ဖြေစရာလည်းနတ္ထိပါ..အမေ။ အဖေဆိုပြန်တော့လည်း သေရွာပြန်တာတောင်မသိလိုက်ပါဘူး ဆိုးလိုက်တဲ့အဖြစ်ရယ်က ပြောစမတ်ဖြစ်စရာပေါ့။ ကံကြမ္မာရိုက်နှက်ချက်တွေက ဒီရင်မှာဗလောင်ဆူ နှောင်းမှရတဲ့နောင်တတွေနဲ့ ငါ..လူးလိမ့်အောင် ခံစားရပါတယ်။ ပြန်လမ်းကိုရှာပြန်တော့လည်း လမ်းစကမရ နှိုင်းပြရရင်ဖြစ် သားစားကြူးဘီးလူးတွေက တန်းစီကာစောင့်ကြပ် ခေါင်းပုံဖြတ်မယ်တကဲကဲနဲ့ ...အမေရယ်... သားမရောက်တောင်မှ သားရဲ့ဝိညာဉ်လိပ်ပြာလေး သားချစ်တဲ့အမေ့ဆီ အရောက်လှမ်းခဲ့ပါမယ်.........အမေ။ အဝေးတစ်နေရာမှ.....လတ်

မေမေ့သို့တမ်းတခြင်း

သားအခုတော့ဖျားနာနေပြီ အမည်မသိတဲ့လမ်းတွေပေါ်မှာ ပြန်တမ်းမဲ့ရက်စွဲတွေကိုဖြတ်သန်းရင်း ဒီညနေတော့ အမေ့ဆီက ဆန်ပြုပ်ပူပူ မရနိုင်ဘူးလို့ သားတွေးမိတယ်… မိုးစက်တွေဖွေးဖွေးလှုပ်ကျနေတဲ့ လမ်းမရဲ့ဘေးတစ်ဖက်မှာ သားရပ်နေတယ်အမေ… ဘယ်ကိုထွက်ပြေးရမှန်းမသိလို့ မက်တပ်ရပ်အငေးတွေထဲ အခု ခန္ဒာကိုယ်အပူချိန်(၁၀၃) ချောင်းအနည်းငယ်ဆိုးနေတယ် အသက်က(၂၆) သားနဖူးပြင်ကိုစမ်းပြီး ရွှေမန်းတောင်နဲ့ရေနွေးကြမ်းပူပူတစ်ခွက် ချွေးထွက်အောင်သောက်လိုက်လို့ အမေပြုံးပြီးပြောမယ့်စကားသံကို ကျွန်တော်ပြန်ကြားယောင်နေမိတယ် ဖိနပ်သဲကြိုးက ပြတ်လုပြတ်ခင် အမေဝယ်ပေးထားတဲ့ တီရှပ်ကလည်း အခုတော့ နွမ်းနွမ်းဖတ်ဖတ်…. ကျွန်တော်လိုချင်လွန်းလှချည့်ဆိုလို့ အမေ့ဆေးဖိုးဝါးခထဲက ကျွန်တော်မသိအောင်ဝယ်ပြီး အ၀တ်သေတ္တာထဲထည့်ပေးခဲ့တယ် ဂျင်းပင်အပြာလေးလေ အခုတော့အရောင်တွေလွင့်လို့ အနားတွေဖွာလန်ကျဲလို့….. မလိုအပ်ပဲဇာတ်နာခဲ့ရအောင် ကျွန်တော် မတန်တဆကြီးကိုပဲ မာနကြီးခဲ့မိတယ် မလိုလားအပ်ပဲ အလွန်အမင်းကိုမိုက်မဲခဲ့တာပဲ ကဗျာ…..ကဗျာ အနုပညာ……အနုပညာ ဆိုပြီး ဘာကိုမှလည်း ဟုတ်တိပတ်တိမရခဲ့ပါဘူး….. အခုလမ်းပေါ်မှာတွေဝေနေတဲ့ အမေ့သားလေ…. အမေပေးတဲ့အသက် အမေပေးတဲ့အင်္ကျီ အမေပေးတဲ့ဘောင်းဘီနဲ့ အမေပေးတဲ့ဖိနပ်ကိုစီးပြီး အမေ့ဆီက ညနေစာတစ်နပ်ကို တောင်းစားဖို့ အကြီးအကျယ်ရှက်ရွံ့နေသတဲ့…. ရှက်လည်းရှက်သင့်ပါတယ်လေ တမြန်နေ့မနက်က အစ်မအကြီးဆုံးနဲ့လမ်းမှာတွေ့ရင်း (၁၀) လပိုင်းထဲမှာ အမေ့မွေးနေ့ရှိတယ် အမေကနင့်ကိုတွေ့ချင်လို့ အိမ်ကိုလာခဲ့ဦးတဲ့…. အမေ့မွေးနေ့တဲ့ ဘယ်နှကြိမ်မြောက်လည်း ဘယ်နေ့လဲ…. ကျွန်တော်အပြင်းအထန်ဝေခွဲတာတောင်မရဘူး လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကအတိုင်း အမေ့ချွှေးခံဘော်လီထဲက ထွက်ကျလာတဲ့ငွေစကြေးစကို ကျွန်တော်မျက်စောင်းထိုးနေရတုန်း အမေရေ ကျွန်တော်လေ ချစ်သောဖေဖော်ဝါရီရဲ့မွေးနေ့ကိုမမေ့ခဲ့ဘူး ပြီးတော့ အေဗရာဟင်လင်ကွန်း၊ မာတင်လူသာကင်း မဟ္တမဂန္ဒီ၊ မာသာထရီဇာကနေ ဗိုလ်ချုပ်အောင်ဆန်းအထိ ကြည်ညိုလေးမြတ်ရတဲ့ အာဇာနည်တွေရဲ့မွေးနေ့ကိုတောင် မမေ့ခဲ့ဘူး ဒီထက်ပိုကြည်ညိုရမယ့်အမေ့မွေးနေ့ကိုတော့ ကျွန်တော်ဒိုင်ယာရီစာမျက်နှာတွေပေါ်မှာ မမှတ်သားမိတာကို ကျွန်တော်အကြီးအကျယ် ၀မ်းနည်းခဲ့ရတယ်အမေ…. မိုးစဲတော့ ကျွန်တော်လည်းကပ်ရပ်မှီခိုလို့မယ့် အမိုးအကာတစ်ခုစီထွက်လာမိတယ် ကျွန်တော်အိမ်ပြန်မအိပ်ရင် ညဉ့်နက်တဲ့အထိ… လမ်းအိုလေးပေါ်မျော်ငေးနေမယ့် အမေ့ကိုမြင်ယောင်ရင်းလေ….။ မိုးလှိုင်ည

မေမေသိနိုင်ပါစေ

ဆင်းရဲတွင်းထဲက၊ ခုန်ခုန်ထ,ခဲ့မိလို့ မနာလိုသူတွေနဲ့လည်း၊ ခဏခဏ ရန်ဖြစ်တယ်။ ဖြစ်ချင်တာ မဖြစ်မှာစိုးလို့၊ ဟိုတိုး,ဒီဝှေ့နဲ့ ကြိုးပမ်းလာလိုက်တာ ဆွေမျိုးတွေကိုလည်း၊ မေ့တတ်ပြီ။ အဓိက တရားခံကတော့ ချစ်သူဟောင်းပေါ့... မေမေ။ မေမေရေ... မေမေ ပေးထားတဲ့.. အဖြူရောင် အင်္ကျီလေး ကျွန်တော် သိမ်းထားပါသေးတယ်။ အဖြူရောင်က အပေမခံလို့ ညစ်ထေးမှုတွေ အဝေဖန် ခံရဲအောင် မည်းတဲတဲလေး ဝတ်ထားခဲ့မိတယ်... မေမေ။ မေမေရေ... ကျွန်တော် သေဆုံးတဲ့အခါ၊ ကျွန်တော့်ရဲ့ အင်္ကျီအဖြူလေး၊ ညီလေးတွေကို ပေး ပေးပါ။ သူတို့ဆီမှာ... အစွန်းချွတ်ဆေးတော့၊ ရှိကောင်းပါရဲ့။ မေမေရေ... ကျွန်တော့်ကို၊ လောကကြီးထဲ ရဲရဲဝင့်ဝင့် ပို့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်.. မေမေ မေမေ့ကို ကျေးဇူးဆပ်ဖို့အတွက် လောကကြီးထဲက၊ ကျွန်တော့်လို ကောင်တွေကို စကားပြောနေပါတယ်..မေမေ။ မေမေရေ... မေမေ သေဆုံးတဲ့အခါကျမှ၊ သား.. လက်မ ထောင်ပြလိုက်ပါရစေ..။ မောင်လှမျိုး (ချင်းချောင်းခြံ)

အမေအကြောင်း

ဇဗ္ဗူတိုင်းမှာ အဖြေညှိပြရရင် အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့ လူတိုင်းမှာ အမေ ရှိတယ်၊ မရေမရာ ပဟေဠိတွေကြောင့် အသေအချာ အဖေမသိတောင်မှ အမေ ရှိတယ်။ ချစ်သဒ္ဓါ ဝေကဲ ပြည့်တန်ဆာ အမေလည်း အမေ။ အကြွေးကြွယ်လှတဲ့ ဈေးသည်မ အမေလည်း အမေ။ အကြောင်းတရား အခြေမွဲ သူတောင်းစား အမေလည်း အမေ။ သမီးသားတွေ ကြီးထွားစေရော့လို့ စီးပွား အထွေထွေ စိန် ရွှေ ပတ္တမြား အိမ်မြေကားနဲ့ ငွေသား အမွေ ပေးနိုင်မှ အမေ မဟုတ်။ ယိုင်နဲ့နဲ့ တဲအတွင်း လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့ အရိုးဟင်း တစ်ဖဲ့စီဝေ ထမင်းရည် အတူတူသောက် ဗိုက်မှောက်တော့ အတူတူ ခြင်ထောင်မရှိ ခြုံစောင်မရှိ ခင်းအိပ်စရာ ဖျာလည်းမရှိလို့ ခြင်ကိုသွေးလှူ အတူတူ ကြမ်းပိုးသွေးလှူ အတူတူ အပူကို မျှဝေ ဒုက္ခကို ပိုမိုလေးနက်စေ ပညာအမွေ ရွှေအိုး ရိုးသားမှူ့ ဂုဏ်သိက္ခာ မေတ္တာ အကြင်နာမှ တစ်ပါး အခြားပေးစရာ အထွေထွေ မဲ့သော်လည်း အမေ ဟာ အမေ ပဲလေ ။ ။ အမေ့လက် မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ ကိုင်မထိရက်၊ ချွန်ထက်လက်သဲ ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ် ပျော့ပျောင်းသွယ်လွ အလှပြည့်နှက်၊ ချစ်သူ့လက်။ မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင် ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ ချေးညှော်ပြည့်မွ အလှပျက်ပြယ်၊ အမေ့လက်။ ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့် ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင် သိမြင်လာရ၊ "အလှ" "အလုပ်" ခွဲထုတ်ချေမိ၊ အမေ၏လက် အလုပ်လက်သည် အသက်တမျှ၊ မနားရချေ ဘ၀ခရီး သားသမီးတွက်၊ ထိုလက်အစွမ်း ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့ အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့် အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ အမေ၏လက်၊ အလုပ်လက်သာ နှစ်သက် ဂုဏ်ယူ ဘွယ်တကား။

အမေ့အလွမ်းပြေ

ရေခြားမြေခြား တစ်ပါးတိုင်းတွင် သင်ယူပညာ စေရာတာဝန် ကျေပွန်စေရာ ကြိုးစားပါလည်း သည်းခိုက်တုန်မျှ ချမ်းအေးလှသည့် ညအမှောင်ထဲ မျက်ရည်ဝဲလျှက် အိပ်ပျက်ညဝယ် ငယ်စဉ်ဘဝ အညာဒေသ ဆောင်းကာလတွင် အမေ့ရင်ခွင် ခိုဝင်မှေးစက် အိပ်ခဲ့ရက်တွေ ပြန်လည်တမ်းတ လွမ်းနေရတယ် အမေရယ်.....

ရင်းတွင်းစကားလေးပြောခဲ့ပေးပါ

အလွမ်းစာ

မေမေရေ....................... ဘ၀နေ၀င်ချိန်နီးမှာ........... သားသမီးတွေအတွက်........ ရတက်မအေး................... လိမ္မာရေးခြားရှိကြဖို့........... နာမကျန်းအခါကရေးသား.... မှာတမ်းစာအလှလေးများဟာ သားတို့သမီးတို့အတွက်....... အခုတော့....................... အလွမ်းစာလေးတွေဖြစ်လို့..... ကျန်ရစ်ခဲ့ပြီ ...မေမေ......... { စူးထက်}
Free TAIWAN MySpace Cursors at www.totallyfreecursors.com

မြန်မာ calendar

အမေသံစဉ်လှိုင်း

အမေဆိုတာ အစားထိုးလို့မရသလို၊ ဘယ်တော့မှ မေ့ပျောက်လို့ ရမှာမဟုတ်ပါဘူး ၊ ဘယ်အရာ နဲ့မှလည်း နှိုင်းပြလို့ရမှာမဟုတ်ပါဘူး

အမေသည် ကျွန်တော့်ဘ၀အတွက် ပထမဦးဆုံးသောလက်ဦး ဆရာဖြစ်သလိုအဖေသည် ကျွန်တော့်ဘ၀အတွက် ပထမဦး ဆုံးသောကျေးဇူးရှင်ဖြစ်သည်..အမေ၏အပြုံးသည်ကျွန်တော့် နှလုံးကိုအေးစေခဲ့သလို အဖေ၏အပြုံးသည် ကျွန်တော့်အား ကိုပြည့်စေခဲ့သည်..အိမ်ဆောက်ရာတည်လက်သမား၏ဥာဏ် အမြော်အမြင်ရှိမှုပေါ်မူတည်ပေသည်..ကျွန်ုပ်၏ဘ၀အိမ်လေး ကိုတည်ဆောက်ရာတွင် အဖေ နှင့် အမေ ၏ ဥာဏ်အမြော် အမြင်ရှိမှုပေါ်မူတည်ပေတော့သည်... (အဖေ နှင့် အမေ အားအစဉ်ဦးညွတ်လျှက်) "Mother" is such a simple word, But to me there’s meaning seldom heard. For everything I am today, My mother’s love showed me the way. I’ll love my mother all my days, For enriching my life in so many ways. She set me straight and then set me free, And that’s what the word "mother" means to me. Thanks for being a wonderful mother, Mom! By Karl Fuchs This mother poem in free verse expresses gratitude for mom's unselfishness and giving nature. It could be used as a Mothers Day poem.
Monday, September 21, 2009

လေးစားပါတယ်အမေ

အင်း .....စာမေးပွဲတွေ ရှုပ်နေတာနဲ့ အမေ့အတွက် ခံစားချက်တွေတောင် မရေးဖြစ်တာကြာပြီဗျာ.. အမေရေ အချိန်တွေ ဘယ်လောက်ကြာကြာ မရှိတော့တဲ့ လူကို ကြာရင်မေ့ဆိုတဲ့ စကားက အမေ့သား အတွက်တော့
မမှန်ဘူးထင်တယ်ဗျာ....ယနေ့အချိန်ထိ တရားတွေနာ...အလှူတွေပေးလည်း တရား နဲ့မဖြေနိုင်သေးပါဘူး အမေ
ရယ် ဖြေနိုင်အောင်လည်းကြိုးစားနေပါတယ်... တနေ့နေ့ တော့ တရားနဲ့ ဖြေနိုင်မယ်လို့ တွေးမိပါသေးတယ်
အမေရယ်.... အခုအမေ့သား ပညာတတ်ကြီးဖြစ်အောင် ကြိုးစားနေပါတယ်... အမေတို့ အဖေ တို့ ရဲ့ ကျေးဇူး
တွေ အလကားမဖြစ်ပါဘူး....အကျိုးရှိရှိလည်း အသုံးချသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်.... အခု သားလည်း
တိုင်းတစ်ပါး မှာ ပညာတွေ သင်နေတာ သုံးနှစ်သုံးမိုးတောင် ပြည့်တော့မယ်.... မကြာခင် ခြောက်လလောက်
ဆို အမိ ရွှေနိုင်ငံ ဆီကြီးကို ပြန်တော့မယ်... မာစတာပြီးလို့ ဒေါက်တာဘွဲ့ အတွက်တော့ ပြန်မလာချင်တော့
ဘူးဗျာ...ကိုယ့်မွေးရပ်မြေ မဟုတ်တော့ သားမောင် မပျော်ဘူးဗျာ...ဒါပေမယ့် ကိုယ်သင်ခဲ့တဲ့ ကျောင်းမှာ
ကိုယ်သင်ယူပြီး တဲ့ ပညာတွေ အတွက်တော့ အကောင်းဆုံး အဆင့်နဲ့အောင်မြင်အောင် ကြိုးစားသွားမယ်လို့
ဆုံးဖြတ်ထားပါတယ်....နောက်ပိုင်းတော့ အမေ နဲ့ ပတ်သက်တဲ့ ဘလော့ပို့စ်တွေ မတင်ဖြစ်လောက်တော့ဘူး
ထင်တယ်ဗျာ...ပညာရေး အပိုင်းက နဲနဲ အရေးကြီးလာပြီလေ...ဒါကြောင့် ဒီနောက်ဆုံး ဆောင်းပါးလေးကိုပဲ
အမှတ်တရ အနေနဲ့ တင်ထားခဲ့မယ်ဗျာ....နောက်ပိုင်း အမှတ်တရ လေးတွေရှိရင်တော့ လာတင်ဖြစ်အုန်း
မယ်ထင်တယ်......ဆောင်းပါးလေးကတော့ တကယ့်အဖြစ်အပျက်လေး တစ်ခုပါ...ဒီလိုပါ ဖတ်ကြည့်ပါအုန်း..


{{ ကယ်ဆယ်ရေး လုပ်သားတွေက သူ့ကိုတွေ့တဲ့ အချိန်မှာ သူသေနေခဲ့ပြီ .. ပြိုကျလာတဲ့ အိမ်ပိမိပြီး သူ
သေသွားတာ...အပျက်အစီး တွေကြားကနေသေဆုံးနေ တဲ့ သူ့ပုံစံကို လှမ်းမြင်နေရတယ်.. ဒူးကွေးပြီး
ရှေ့ကိုကိုင်းနေတဲ့ ကိုယ်ခန္ဒာကိုယ်နဲ့ လက်နှစ်ချောင်း ကို အားပြုထောင်ထားတဲ့ သူ့ပုံစံက ဘုရားဝတ်ပြု
နေတဲ့ ပုံနဲ့တူနေတယ်....ဒါပေမယ့် အသက်ရှင်မရှင် ပိုသေချာအောင် ကယ်ဆယ်ရေး လုပ်သားတွေက
သူ့ကို စမ်းသပ်ကြည့်ကြတယ်...ကယ်ဆယ်ရေးအလုပ်သမားတဦးက ဦးခိုက်ချသေနေတဲ့ သူ့ခန္ဒာကိုယ်ထဲ
ခဲရာခဲဆစ် လက်ကို ထိုးထည့် ပြီး ၀မ်းသာအားရလှမ်းအော် လိုက်တယ်... လူရှိတယ်..ကလေးတစ်ယောက်
ရှိတယ် အသက်ရှင်လျက်ပဲ လို့ ထအော်လိုက်တယ်.... ရှိသမျှခွန် အားတွေနဲ့ သူ့ကိုယ်ပေါ်မှာ ဖိကပ်နေတဲ့
အုတ်ပုံတွေကို ရှင်းလင်းလိုက်ကြတယ် ... သူ့ခန္ဒာကိုယ်ကို ထောင်မတ်လိုက်တယ်ဆို ရင်ပဲ အိပ်ပျော်နေ
တဲ့သုံး လေးလသား အရွယ်ကလေးတစ်ယောက်ကို သွားတွေ့မိတယ်...ကလေးကို စစ်ဆေးဖို့ ဆရာဝန်
တစ်ဦး က ပွေ့ချီခိုက်တယ် ဆိုရင်ပဲ ကလေးကျော်ပိုးစထဲ ကနေ ဖုံးတစ်လုံးထွက်ကျလာတယ်.... ဆရာဝန်
ဖုံးကိုကြည့်လိုက်တော့ message တိုလေးတစ်ကြောင်း ကို စားလေးကတော့ ဒီလိုပါ...( သားလေးရေ .....
တကယ်လို့များ သားလေးအသက် ရှင်နေခဲ့မယ်ဆိုရင် သားကို အမေ အရမ်းချစ်တယ် ဆိုတာကို သေသေ
ချာချာ မှတ်ထားပေးပါနော် ) တဲ့... သေသူပေါင်းများစွာကို တွေ့ဖူးတဲ့ ဆရာဝန်ရဲ့ ပါးပြင်ပေါ်ကို မျက်ရည်
တွေ စီးကျလာခဲ့တယ်...တစ်ယောက်လက်ကို တစ်ယောက်ကမ်း လိုက်တဲ့ ဖုံးထဲက message ကိုဖတ်မိသူ
တိုင်း ရင်ထဲဆုံ နင့်သွားတဲ့ ဒီခံစားချက်က ဘာနဲ့မှ နှိုင်းပြလို့မရနိုင်ခဲ့ဘူး...မုချသေရတော့မယ်ဆို တာ သိ
လိုက်ရတဲ့ အမေတစ်ယောက်ဟာ နောက်ဆုံး အချိန်ထိ သူ့ရင်သွေး အတွက် ပေးဆပ်သွားခဲ့တာ ........
သြော်... မိခင်တွေ ...မိခင်တွေ... မိခင်တွေ.....ဘယ်လိုခံစားချက် နဲ့ပြောပြ ရမလဲဗျာ.............. }}}}}}}}}}

ps: ဒီ ပို့စ်လေးဟာ ပုံပြင် မဟုတ်ပါဘူး...၂၀၀၈ ၊ မေလ ၁၂ ရက် နေ့က တရုတ်နိုင်ငံ စီချွမ်ပြည်နယ် မှာ
လှုပ်ခဲ့တဲ့ ငလျင်ရဲ့ ဖြစ်ရပ်မှန်လေးပါ...မိခင်မေတ္တာ ကို ခံစားရတာကြောင့် သူငယ်ချင်း တွေကို share လုပ်
ပေးလိုက်တာပါ.............
Sunday, July 12, 2009

မွေးမေမေသို့ ပေးစာ(၄)





အမေ ဒီနေ့ အမေ့ကို အရမ်းသတိ ရတယ်ဗျာ... ဘာလိုလိုနဲ့ အမေဆုံးတာ လေးလ ကျော်ခဲ့ပြီနော်..
သားတို့ ကျောင်းမှာ ကုသိုလ် တွေ လုပ်တိုင်း အမေ့အတွက် အမြဲ တန်း အမျှဝေခဲ့ပါတယ်...အမေ
သာဓု ခေါ်သံတွေ ကို ကြား ရဲ့လား...ဒါမှမဟုတ် ကောင်းသော ဘုံဘ၀ ကိုများ ရောက်နေပြီလား အမေ ရယ်..
အမေ့ ကိုသတိ ရ တဲ့ အချိန် ဆိုရင် ငယ်ငယ် ကဘ၀လေးကို ပြန်ပြန်မြင်ယောက် နေမိတယ်
အမေရယ်... သား လေးတန်း
အ၇ွယ်လောက်ကပေါ့ အိမ်ဘေးက သူငယ်ချင်းတွေ ရဲ့မိခင်တွေက ကိုယ့်သားသမီးတွေ စာမေးပွဲတွေ
မှာ အမှတ်ကောင်းရင် မုန့်ဖိုး တွေ ပေးကြ.. လက်ဆောင်တွေ ပေးကြ နဲ့ ပျော်ရွင်ဖို့ ကောင်းတယ်နော်...
ဒါပေမယ့်လေ အမေ့သား က စာသင်ခန်း ထဲမှာ အမြဲလို အဆင့် တစ်ပဲ ရနေခဲ့တယ်နော်...အမေ့ ဆီက ဘာ
မုန့်ဖိုး..ဘာလက်ဆောင် မှ အမေ့သား မပူဆာ ခဲ့ဘူးနော်....အမေ့ရဲ့ ပီတိ အပြုံး လေးကိုပဲ အမေ့သား
ကျေနပ်စွာ နဲ့ ရယူခဲ့တယ်နော်.. တခါ တလေ ဆင်းရဲတာက ပိုကောင်းသလိုပဲလား မသိဘူး အမေရယ်..
ငယ်စဉ် မုန့်ဟင်းခါးရောင်း ဖို့ မုန့်ဖတ်သွား ယူရင်း လမ်းမှာ စာကျက်ခဲ့ရတယ်လေ.. မုန့်ဟင်းခါ အိုးတည်ဖို့
အတွက် မီးမွှေးရင်း နဲ့ ခြင်အကိုက်ခံပြီး စာကျက်ခဲ့ရတာတွေ မြင်ယောင်နေမိ တယ်ဗျာ...အဲဒီလို ခါးသီးတဲ့
ဘ၀မျိုး ကနေပဲ ဆင်းသက်လာခဲ့ လို့ထင်တယ်...ဘ၀ကို စိတ်နာနာ နဲ့ ကြိုးစားခဲ့လို့ အခုလို သူများ နိုင်ငံ မှာ
ပညာတော်သင် တစ်ယောက် ဖြစ်လာအောင် ကြိုးစားနိုင်ခဲ့တယ်လေ..အမေ အားရ ကျေနပ်ခဲ့မယ်လို့ သားထင်
ပါတယ်... အဖေရဲ့ စကားလေးတောင် ပြန်ကြားယောင် နေသေးတယ်..." ဒါမှ အဖေ့သားကွ" ဆိုတဲ့ စကားလေး ပေါ့... ဒါပေမယ့် ဘယ်လောက်ပဲ ပင်ပန်းခဲ့ပါစေ ပျော်ရွင်စရာ ကောင်းတဲ့ ဘ၀လေး ကို အမေ့
သား ကျေနပ်ခဲ့ပါတယ် ပိုင်ဆိုင်ခဲ့တယ်လေ ..အဲဒီလို ဘ၀လေး ကို ရွှေ ငွေ တွေ နဲ့ လာလှဲ ရင်တောင် အမေ့သား မလှဲနိုင် ပါဘူး ဗျာ ..စာတွေ ကို လက်ကသာ တိုက်နေ ပေမယ့် ရင်ဘတ် ထဲက တော့ တဖြည်း
ဖြည်း စို့နစ် လာတယ်ဗျာ.. ဆက် ပြီး ရေးဖို့ အားတွေ မရှိတော့ဘူး...အမေ့ ကိုသတိရတာပဲ သိတယ်ဗျာ...
အော် အမေ အမေ ...အစားထိုးလို့ မရဘူးဆို တာ တကယ်မှန်တယ်နော်...ဘာဖြစ် လို့ အစားထိုး လို့ မရတာလဲ ဗျာ........(နားအုန်းစို့)
Monday, June 22, 2009

ကျွန်တော်လေးစားသောဖေဖေ


အင်း အဖေများနေ့ကတော့ပြီးသွားပြီ..ပို့စ်တင်ဖို့ကအခုမှအားလို့အခုမှတင်ရတယ်ဗျာ..
အမေအကြောင်းအများကြီးရေးနိုင်သလိုအဖေအကြောင်းရေးရင်လည်းမပြီးမဆုံးနိုင်
အောင်ရေးလို့၇ပါတယ်..တကယ်ပါ...အဖေတွေဆိုတာက အမေလိုမဟုတ်ဘူးလေ..
ဖေချစ် တို့ဖေခင်တို့ဆိုတာ ရှိတော့ရှိတယ်ရှားတယ်..အမေဆိုတာက ရင်ခွင်ပိုက်နို့ချိုတိုက်
ခဲ့တဲ့ အတွက် ဖခင်ထက်ပိုချစ်ကြတာပေါ့..အဖေဆိုတာကချစ်လျက်နဲ့ကြောက်အောင်နေပြရ
တဲ့ဖန်တီးရှင်မဟုတ်လား..ဒါပေမယ့်တစ်ခုရှိတယ်လေ..အဖေကချမ်းသာရင် သားသမီးကသူဋ္ဌေး သားသမီးတွေဖြစ်လာတာပဲမဟုတ်လား...အဖေဆိုတာ ကုသိုလ်ရဖို့ ၊ ပညာရဖို့ မိသားစုတာဝန်
ကျေဖို့ အလုပ်လုပ်နေကြတာပဲလေ...ကျွန်တော့်အိမ်မှာတော့ အဖေဟာအမြဲတာဝန်ကျေပါတယ်
..အခုလည်း အမေဆုံးသွားတော့ အမေ့ကိုသတိတရနဲ့ ကုသိုလ်တွေလုပ်ပေးနေတုန်းပါ...တကယ်တမ်း
စဉ်းစားကြည့်ရင်အဖေဆိုတာသားသမီးတွေရဲ့ချစ်ခင်မှုကိုမရပဲ..ဘ၀ကိုအထီးကျန်ဆန်စွာနဲ့ဖြတ်သန်း
ကြတာများပါတယ်..တစ်ခုခုဖြစ်လာရင် တော့ဒီအဖေကပဲ ဦးဆောင်ပြီး ဖြေရှင်းပေးတာပါပဲ...
ဒါကြောင့် အဖေတွေအားလုံးကို အမွှန်းတင်လိုက်ပါရစေဗျာ...အဖေဆိုတာ ဆူးမွေ့ယာလည်း
မအိပ်ခဲ့၊ ပန်းမွေ့ယာလဲ မစံခဲ့ရပေမဲ့ မငြီးရှာ နှီးဖြာလေးပေါ်က မိသားစုသိုက်မြုံလေးကိုတော့ အဖေ့ဦးနှောက်နဲ့ကြွက်သားတွေပေါ်မှာ သာယာဖူလုံမှုများနဲ့ လွမ်းခြုံနွေးထွေးစေအောင် အပတ
်တကုတ်ကြိုးစားတည်ထောင်ပေးတဲ့ ဗိသုကာတစ်ဦးဆိုလျှင် သူငယ်ချင်းတို့ မည်သို့မည်ပုံ
ဝေဖန်ကြမည်နည်း.........

* အဖေသည်
* ဘဝ၏ စွမ်းအင်
* အသက်၏ အမြစ်
* နှလုံးသား၏ လှေကား
* လူသားများ၏ အရိပ်

ပဲ့ကိုင်မယ့်သူ လှေငယ်လေးကို
ကမ်းစပ်တစ်ဘက်ထိုအရပ်သို့
ပို့ဆောင်ပေးတာ အဖေပါ ။

သားလည်းကြိုးစား အဖေကဲ့သို့
မေတ္တာတရား စေတနာပွားကာ
လူလောကအလယ် မျက်နှာပန်းလှ
သားသမီးတို့ ထွန်းတောက်ကြယ်လို
တင့်တင့်တယ်တယ် နေနိုင်ခဲ့သည်
သို့သော် အဖေ့ခြေရာ လိုက်မမှီခဲ့ပါ
...အဘယ်ကြောင့်ဆိုသော်....

အဖေသည် အဖေဖြစ်နေခဲ့၍ ။
အဖေ တချက်လောက်လေးငဲ့ကြည့်ပေးပါ
သား အရမ်းလွမ်းနေတယ်.......
အဖေဖဖဖဖဖဖဖဖ(ကလောင်ရှင်..စံပယ်)
Saturday, May 30, 2009

ကျွန်တော်နဲ့မေမေ



အမေ...။ကျွန်တော်စိတ်ထဲရှိသမျှရေးချခွင့်ပြုပါအမေ.....။
အခါလယ်နဲ့(၆)လမှာနို့ဖြတ်ခဲ့တယ်လို့ ပြောသံကြားတိုင်းအမေကို စိတ်နာခဲ့တာ။
စီးပွားကိုဘဲဦးစားပေးရှာပြီး သားတွေကို ဂရုမစိုက်ဘူးလို့ အတွေးမှားခဲ့တာ။
လေးတန်းနှစ်ရဲ့ လပါတ်စာမေးပွဲမှာ ပထ၀ီကို (၃၈)မှတ်နဲ့ကျခဲ့တော့ "ခွေးဖြစ်မဲ့အကောင်၊သူများခိုင်းဖတ်ဘဲ ဖြစ်မဲ့အကောင်" လို့ပြောခဲ့တုန်းက အမေကို အရမ်းစိတ်ဆိုးခဲ့တာ။ အမေ စကားတွေက ကျွန်တော်အတွက် မခံချင်စိတ်နဲ့ တွန်းအားတွေ ဖြစ်ခဲ့ပြီး ဒီနေ့ အထိ အတန်းတိုင်းကို သားပုံမှန်အောင်မြင်ခဲ့တာ။
မမျော်လင့် တဲ့ အဖေ လုပ်ငန်းတွေရဲ့ ကျရူံးမူတွေကို သားတွေမသိဘဲ ဖုံးဖိခဲ့တာ။အိမ်တွင်းရေးတွေကို သတင်းအမှောင်ချခဲ့တာ။
ကျွန်တော်တို့ကို လျစ်လျူရူခဲ့တဲ့ အဖေ အမျိုးတွေ ကြားမှာ မျက်နှာမငယ်အောင်ထားခဲ့တာ။
သားတွေပိုက်ဆံနဲ့လောင်းကစားလုပ်မှာစိုးလို့ တုတ်တချောင်းနဲ့ မအားတဲ့ ကြားက လိုက်ချောင်းတတ်တာ။
ရှစ်တန်းနှစ်မှာ ဘာသာစုံ ဂုဏ်ထူးပါတော့ အမေက ကျွန်တော်ပါးကို နမ်း၊ ကျွန်တော်လက်ကို ကိုင်ပြီး က နေခဲ့တာတောင် အမေက ငါ့ကို အရမ်းချစ်ပါလားလို့ ယောင်ယောင်လေးတောင်မတွေးခဲ့တဲ့ ကျွန်တော်။
အမေအရမ်းကြိုက်တဲ့ လ္ဘက်ရည်ချိုပေါ့လေး တခွက်ကို ၀ယ်ပေးဖို့ အမြဲစိတ်မပါခဲ့တဲ့ကျွန်တော်...။
၁၀ တန်းနှစ်ရဲ့ မြန်မာစာဖြေတဲ့ညမှာ စာတွေကျက်နေတဲ့သားကို ဒူးကလေးထောက် ၊ လက်ခုံလေးပေါ်ကို မေးစေ့ကလေးတင်၊ စောင့်စောင့်ကလေးထိုင်ပြီး သားစာကျက်တာကို ထိုင်စောင့်ပေးခဲ့တဲ့အမေ။
သားအရမ်းအိပ်ချင်လာပြီလား၊ စာတွေမရသေးဘူးမှတ်လားဆိုပြီး ညမှောင်ကြီး မဲကြီးမှာ စက်ဘီးတစီးနဲ့ လ္ဘက်ရည်ဆိုင်သွားခဲ့တဲ့အမေ။
သားကြီးရယ် ..မေမေစိတ်ပူလိုက်တာ....မိခင်သောက ဆိုတာ ဒါဘဲထင်တယ်လို့ ပြောပြီး သားကို မဒ္ဒီဒေ၀ီ ရဲ မိခင်သောက ကို ကျက်ခိုင်းတော့ သားက စိတ်ထဲ ကျိတ်ရယ်နေခဲ့တာ. တိုက်တိုက်ဆိုင်ဆိုင်ဘဲ အမေ...၂၀၀၀ ခုနှစ်ရဲ့ တက္ကသိုလ် ၀င်စာမေးပွဲ မြန်မာစာ ၊ ဧရာဝတီတိုင်းမေးခွန်းရဲ့ စကားပြေမှာ မိခင်သောက ဆိုတဲ့ စကားပြေအရေးအသားပါလာခဲ့တယ်။
အမေရယ်...အဖေရဲ့ ဦးဆောင်နိုင်မှူမှေးမှိန်နေတဲ့ ကျွန်တော်တို့ မိသားစုမှာ သား(၂)ယောက်ဆိုတဲ့ အားနဲ့အမေကြိုးစားခဲ့ပေမဲ့...သားကအမေဖြစ်စေချင်သလောက်မဖြစ်ခဲ့တာ။
အမေဖြစ်ချင်တလို သားမလုပ်နိုင်ခဲ့ဘူးအမေ။ (၁၀) တန်းက ဘ၀တဆစ်ချိုး ၊ ကြိုးစားပါသားရယ် လို့အမေ ခဏခဏ ပြောခဲ့ပေမဲ့ ဒီဘက်နားက၀င် ပြီးဟိုဘက်နားက ပြန်ထွက်သွားခဲ့တဲ့ သားမိုက်ပါအမေ။


အမေရယ် ..... အမေနဲ့ပါတ်သတ်ပြီး သားဆက်ပြောရင် ကုန်မှာတောင် မဟုတ်တော့ပါဘူး အမေ။ ကျွန်တော်ဘ၀ ရဲ့ အထင်ကရ နဲ့ အမှတ်တရ တိုင်းဟာ အမေနဲ့ အမြဲပါတ်သတ်ခဲ့တာကြီးပါဘဲအမေ....။
အသက် (၂၄) နှစ်ဆိုတဲ့ဖြတ်သန်းခဲ့တဲ့ အချိန်တွေမှာ အမေအပေါ်သား ဘာတွေ တာဝန်ကျေခဲ့ပီလဲ....။
အမေခံစားခဲ့ရတဲ့ ဘ၀ အမောတွေ ၊ အမေ့ချွေးစက် တစက် စာလောက် သားပြန်သိတတ်ခဲ့ပြီးပြီလား။
အမေ့ရင်ထဲက အခါခါပေါက်ကွဲခဲ့တဲ့ မီးတောင်တွေကြောင့် အမေ့နှလုံးသားမှာ ချော်ရည်တွေနဲ့ပူလောင်နေခဲ့ရတာကို သားက အေးမြမှုတွေ မပေးနိုင်ခဲ့ဘူး။
အမေ မျက်နှာညိုတိုင်း သားသတိထားခဲ့မိသလား။
လက်ဝါးနှစ်ဘက်က လက်ခဏာတွေ ပျောက်လုလု ဖြစ်တဲ့ အထိလုပ်ကိုင်ကျွေးမွေးခဲ့တဲ့ အမေအပေါ်ကို သားက ကျွေးမွေးမပြတ် ဆိုတဲ့ သားသမီးကျင့်ဝတ်နဲ့လျော်ညီအောင် ပြန်လုပ်နိုင်ခဲ့ပီလား။
အမေရယ် ..။အရွယ်ရောက်လာတဲ့ သားကို သားရေ ...ကောင်မလေးရှာမယ်ဆိုရင်တော့ အမေက အရပ်မြင့်မြင့် သွက်သွက်လက်လက်လေးတွေ ရှာခဲံ့နော် ဆိုပြီးလမ်းဖွင့်ပေးခဲ့တဲ့အမေ။
အမေရဲ့ မေတ္တာက အသွားဘဲရှိခဲ့တာ။ ကျွန်တော်ဘက်က အပြန်မရှိခဲ့တာ။ဘာမှ မျော်လင့်ချက်တွေ မထားခဲ့ဘဲ မြေတောင် မြောက်ပေးခဲ့တာ။
အမေရယ် ...။အမေရဲ့ မေတ္တာတွေ ကို တကယ်နားလည်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ရဲ့ စက်တင်လာ တလမှာတော့ ကျွန်တော်က အမေ့ကို နှစ်အနည်းငယ်ခွဲခွာခဲ့ရပြီနော်။
အမေပေးခဲ့တဲ့ အမေရဲ့မေတ္တာ ၊ အကြင်နာ ၊ ဂရုဏာ ....ချစ်ခြင်းမေတ္တာတွေအတွက် သားပြောနိုင်တာတခုက သားရဲ့ ၀င်သက်ထွက်သက်တိုင်း ၊ သားရဲ့လုပ်ဆောင်မူတိုင်း ၊ ကြိုးစားမူတိုင်းက အမေအတွက်ပါအမေ။သားရဲ့အောင်မြင်မူတိုင်းကို ဖန်တီးပေးခဲ့တဲ့ အမေအတွက် အမေရဲ့ ပျော်ရွင်မူတိုင်းကိုဖန်တီးပေးနိုင်တဲ့ သားဖြစ်ရပါလို၏ အမေ။

"မိဘနှစ်ဖြာ ၊ ရှိနေပါလည်း၊ ကျေးဇူးမသိ ၊ မဆပ်ဘိက ၊ တသက်လုံးလုံး၊ လူဖြစ်ရူံး၏"

မှတ်ချက်။ ။ သူငယ်ချင်းတယောက်ရဲ့ရင်ဖွင့်ချက်လေးကိုတင်ပြပေးထားတာပါ...သတိရတယ်အမေရယ်
Saturday, May 16, 2009

ငါအိုသွားသောအခါ(၁၉.၂.၂၀၀၉)၊ ၁၃၇၀ တပို့တွဲလပြည့်ကျော်(၁၀)ရက်


အပိုဒ်(၁)။၂၀၀၉ ခုနှစ်ရဲ့ဖေဖော်ရီ(၁၉)ရက်နေ့ မှာအမေက သားဘ၀ထဲကနေ စွန့်ခွာသွား
တယ်နော်အော်သားဘ၀ကအမေမျက်နှာလေးတောင်နောက်ဆုံးကြည့်ခွင့်မရခဲ့ဘူး
နော်...သားပြန်လာတာအမေမစောင့်နိုင်ခဲ့ဘူးနော်..အမေ့ကိုဝအောင်လုပ်ကျွေးအုန်း
မယ်လို့သားပြောခဲ့တယ်လေ...ဘာလို့မစောင့်တာလဲအမေရယ်...အချိန်ကိုလူတွေက
ပြောင်းလဲလို့ရမယ်ဆိုရင်"၂၀၁၀"ဆိုတဲ့ခုနှစ်ကြီးကိုအမြန်ကုန်ဆုံးအောင်ပြောင်းလိုက
်ချင်တယ်အမေရယ်....အင်းအခုတော့ မေမေ့မှာတမ်းအလွမ်းစာ လေးတွေပဲ နောက်ဆုံး
ကြားယောင်နေမိတယ် အမေရယ်..အမေ ရောက်လေရာဘ၀မှာသာဓုခေါ်နိုင်အောင် ဘယ်နေရာရောက်ရောက် ကုသိုလ်တွေကို တတ်နိုင်သလောက် သားလုပ်သွားပါ့မယ်
...အမေရယ်.........................(ဖေဖော်ဝါရီ ၁၉ ရက်၊၂၀၀၉)

အပိုဒ်(၂) ။.. အင်း.. ဒီနေ့ အမေဆုံးတာ တစ်လပြည့်ပြီနော်..အမေ အမေ့အတွက် သား ကုသိုလ်
တွေလုပ်ဖြစ်တယ်ဗျာ..အမေ ကောင်းရာဘုံရာမှ သာဓုခေါ်ပေးပါ..အမေကျေနပ်ရဲ့
လား...အမေကျေနပ်မယ်လို့ သား မျှော်လင့်ပါတယ်...နောက်လည်း ကြုံသလို
ကုသိုလ်တွေ လုပ်သွားအုန်းမယ်... အမေ ရယ်.............(မတ်လ ၁၉ရက်၊၂၀၀၉)

အပိုဒ်(၃) ။ ..အော်ဘာလိုလိုနဲ့သင်္ကြန်တောင်ရောက်လာပြန်ပြီအမေရယ်...အမေ့သား
ပျော်နိုင်ပါ့မလားဗျာ.ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲလို့မရတဲ့လောကဓံ တရားကို အမေ့သား
ရင်ကော့ပြီးရင်ဆိုင်သွားမှာပါ အမေရယ်...ဘ၀ကို ရယ်မောပြီးပျော်ပျော်ရွင်ရွင် နဲ့ဖြတ
်သန်းသွားမှာပါအမေရယ်..ဒါပေမယ့်အမေရယ်..သားမှာအဖြစ်ချင်ဆုံးဆန္ဒလေးတခု
တော့ပြောပြချင်တယ်အမေရယ်...သားအဖြစ်ချင်ဆုံးကအမေ့ကိုအရင်သင်္ကြန်တွေ
တုန်းကလိုလက်သည်း၊ခြေသည်းလေးတွေညှပ်ပေးချင်တယ်...အမေ့ရဲ့နူးညံ့ရှည်လျား
တဲ့ဆံနွယ်တွေကိုသားရဲ့လက်တွေနဲ့ခေါင်းလျှော်ပေးချင်သေးတယ်အမေရယ်...သားရဲ့
ရင်တွင်းစကားတွေကို အမေရောက်လေရာ တမလွန်ကနေ ကြား
နိုင်ပါစေ အမေရယ်........(ဧပြီ ၃ ရက်၊၂၀၀၉)

အပိုဒ်(၄)။..အမေ ဒီနေ့ဟာ ၁၃၇၁၊ သီတင်းကျွတ်လပြည့် ၁၅ ရက်နေ့(အဘိဓမ္မာ)နေ့ နော်...အမေ့ကို သတိရတယ်အမေရယ်....တစ်
ချို့ပညာရှင်တွေက ပြောကြတယ်..သေသွားပြီးမ၇ှိတော့တဲ့လူကို အောက်မေ့တသ လုပ်နေစရာ မလိုဘူးတဲ့ ဦးနှောက်ကို အပိုအလုပ်ပေး
တာတဲ့....ကျွန်တော့်အတွက်တော့ ဘယ်တော့မှမေ့လို့ရမှာမဟုတ်ပါဘူးအမေရယ်...အမေ့ ကိုသားစိတ်ထဲက ရည်စူးပြီး ကန်တော့လိုက်
ပါတယ်အမေရယ်...တမလွန်နောက်ဘ၀တစ်ခုမှာ အမေ ဟာကောင်းမွန်သော ဘ၀ တစ်ခုမှာပျော်ရွင်နိုင်ပါစေဗျာ.......
(အောက်တိုဘာ ၃ ရက်၊၂၀၀၉)

အပိုဒ် ( ၅ )။ ။ အမေ့ မရှိတော့တဲ့ ဘ၀မှာ ကျန်ခဲ့တဲ့ အဖေ့ကို အားရပါးရ ပြုစု လုပ်ကျွေးမယ်လို့ရည်ရွယ်ခဲ့ပေမယ့် ..သား
ဆုတောင်းမပြည့်ခဲ့ဘူး အမေရယ်..အမေ ကွယ်လွန်ပြီး ၉ လနီးပါးလောက်ပဲ ခြားပါတယ်..နိုဝင်ဘာလ ၂၂ ရက် ၂၀၀၉ ခုနှစ်
၁၃၇၁ ခုနှစ် ၊နတ်တော်လဆန်း ၆ ရက်နေ့မှာပဲ အဖေက သားတို့ကို ထပ်ပြီး ခွဲခွာသွားတယ်ဗျာ...အားလုံးကို အဖေ စိတ်ချ
လို့ အမေ့ဆီကိုများ လိုက်သွားတာလား လို့ သားတွေးမိပါတယ်...အဖေရေ ကောင်းရာသုဂတိ လားပါစေလို့ သားဆုတောင်းပါ
တယ်ဗျာ......

မေမေညာတယ်ဗျာ






သူငယ်ချင်းတို့ကိုမေမေညာတဲ့အကြောင်းလေးပြောပြချင်တယ်ဗျာ..ကျွန်တော်
ငယ်ငယ်တုန်းက တော်တော်ဆင်းရဲတယ်ဗျ..တစ်နေ့ရှာတစ်နေ့စား ထမင်းကို၀၀လင်လင်မစားရဘူး။..ကျွန်တော်တို့မောင်နှမတွေကလည်း အရွယ်ကောင်းကောင်းအစားကောင်းတဲ့အရွယ်တွေဆိုတော့ ထမင်းစားချိန်မှာ ထမင်းကအမြဲမလောက်ဘူး...အမေကသူ့ပန်းကန်ထဲကထမင်းတွေကို ကျွန်တော်တို့ကိုအမြဲဝေပေးတယ်....အမေကပြောတယ် :"သားတို့သမီးတို့ ၀အောင်စားကြပါ အမေမဆာဘူး " တဲ့။။။။။
ကျွန်တော်တို့မောင်နှမတွေ ခန္ဒာကိုယ်ဖွံ့ ဖြိုးအောင်၊ ဥာဏ်ရည်ထက်အောင်ဆိုပြီး ဈေးထဲကအသားတွေ ငါးတွေကို အမေ၀ယ်လာပြီး ချက်ကျွေးတယ်။ အသားတွေကို မြိန်ရည်ရှက်ရည် ကျွန်တော်တို့စားနေတာ ကိုကြည့်ပြီး အမေက အရိုးတွေကို စားနေတယ်။
ကျွန်တော်က မကြည့်ရက်လို့ ကျွန်တော့် ဝေစုထဲက အသားကို အမေ့ပန်းကန်ထဲထည့်ပေးတော့ မေက လက်ကာပြရင်း ပြောတယ် "သား...၀အောင် စားပါ အမေ အသားမကြိုက်ဘူး "တဲ့။။။
ကျွန်တော်တို့ကျောင်းတက်မယ့်အရွယ်ရောက်တော့ တစ်ခြားကျောင်းတွေလို ၀တ်နိုင်စားနိုင်အောင် ဆိုပြီး စက်ရုံက ချုပ်ထည်တွေကို အလုပ်ကပြန်မှာ အမေယူပြန်လာပြီးချုပ်တယ်။ ဆောင်းညတစ်ည သန်းခေါင်ယံမှာ ကျွန်တော်နိုးလာတော့ ဖယောင်းတိုင် မီးမှိန်မှိန်အောက်မှာ မျက်မှန်ထူထူကိုတပ် ခါးကိုကိုင်းပြီးအမေအထည်ချုပ်နေတုန်းပါပဲ။" မေမေရယ် အိပ်ပါတော့ မနက်အလုပ်သွားရဦးမယ်မစုတ်လား " လို့ ကျွန်တော်ကပြောတော့ အမေက ကျွန်တော်ကိုပြုံးပြီး ပြေတယ် " သား...အိပ်ပါ အမေ မအိပ်ချင်သေးဘူး" တဲ့။.။
ကျွန်တော်(၁၀)တန်းစာမေးပွဲ ပြေတဲ့နေ့မှာပေါ့ ...အမေ အလုပ်ကခွင့်ယူပြီး ကျွန်တော် ဖြေနိုင်အောင်လို့ ကျောင်းပေါက်ဝမှာရပ်ပြီး အားပေးခဲ့တယ်....နွေအ၀င်ဆိုပေမယ့် မတ်လရဲ့ ခြစ်ခြစ်တောက်ပူတဲ့ နေရောင်အောက်မှာ အမေဟာ အမိုးမဲ့အကာမဲ့ အပူဒဏ်ကို အံတုလို့ ကျွန်တော် စာမေးပွဲခန်းက ထွက်အလာကို စောင့်မျှော်နေခဲ့တယ်..... အချိန်ပြည့်ခေါင်းလောင်းသံကြားတော့ အမေဟာ ၀မ်းသာအားရပြေးကြိုပြီး ဖြေနိုင်လားသား...အမောပြေရေအေးအေးလေးသောက်လိုက်ပါ ဆိုပြီး ရေသန့်ဗူးလေး ကျွန်တော့်ကို ကမ်းပေးတယ်။ ချွေးတလုံးလုံး နဲ့မွဲ ခြောက်နေတဲ့ အမေ့နုတ်ခမ်းကို ကြည့်ပြီး "အမေသောက်ပါ "လို့ပြောတော့ အမေကပြောတယ် "သား...သောက်ပါအမေရေမဆာဘူး" တဲ့...။
ကျွန်တော်ပထမနှစ်တက်နေတုန်းမှာ အဖေဆုံးသွားတယ်...အဖေဆုံးတော့အမေဟာအဖေတစ်လှည့် အမေတစ်လှည့်နဲ့ ကျွန်တော်တို့ကို ပညာဆက်သင်စေခဲ့တယ်...ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲနေပါစေ အမေဟာ ကျွန်တော်တို့အရှေ့ မှာ အံကြိတ်လို့ တစ်ချက်မှ ညည်းမပြခဲ့ဘူး.....အရွယ်ကောင်းသေးတဲ့အမေကို ဆွေမျိုးတွေက အိမ်ထောင့်တာဝန်တွေခွဲဝေနိုင်အောင်လို့ နော်ကအိမ်ထောင်ထပ်ပြုဖို့တိုက်တွန်း ကြတယ်...ကျွန်တော်တို့ မောင်နှမ ပတ်ဝန်းကျင်ရဲ့အပြောမခံရအောင် သားသမီး တွေရဲ့မျက်နှာကိုထောက်ပြီး အမေ ခေါင်းသွင်သွင်ခါ ပြီးပြောတယ် "သားသမီးတွေအတွက်က လွဲလို့ ကျွန်မမှာ အချစ်မှရှိတော့ဘူး "တဲ့။။။
ကျွန်တော်ဘွဲ့ရတော့ အိမ်ကို ခွဲပြီး မြို့ပေါ်တက်အလုပ်လုပ်တယ်...ပင်ပင်ပန်းပန်း အလုပ်လုပ် နေတဲ့အမေကိုမကြည့်ရက်လို့ အလုပ်တွေဆက်မလုပ်ဖို့ အတွက် ရတဲ့လခ တစ်ဝက်အိမ်ပြန်ပို့ခဲ့တယ်....အလုပ်ကနေချက်ချင်းရပ်လိုက်ဖို့ အမေမှာ ကျင့်သားမရသေးဘူးလို့ဆိုပါတယ်။။အမေ့ကို ကန်တော့တဲ့ငွေတွေကိုလည်း ကျွန်တော်ကိုပြန်ပေးပြီး အမေကပြောတယ် "သား...စုထားလိုက်ပါ လိုတာရှိရင် ၀ယ်ပေါ့ အမေ့မှာပိုက်ဆံရှိတယ် " တဲ့။။
အဲဒီလိုနဲ့ကျွန်တော်ကပဲ ကံထူးတာလား၊ ကျွန်တော်ရဲ့ ကြိုးစားမှုကြောင့်ပဲလား၊ နိုင်ငံခြားကို ပညာဆက်သင်ဖို့ ကျွန်တော်အခွင့်အရေး ရခဲ့တယ်....ကျောင်းပြီးတော့ အဲဒီမှာပဲ အလုပ်ဆက်လုပ်ခဲ့ရတယ်....ရာထူးကကြီး လစာကလည်းကောင်းတော့ ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးဆင်းဆင်းရဲရဲ နေနေတဲ့ အမေ့ကို တစ်ဖန်ကျေးဇူးပြန်ဆပ်ချင်လို့ ကျွန်တော်ဆီလာနေဖို့ပြောတော့ အမေက "လူမျိုးခြားတိုင်းပြည်မှာ အမေမနေတတ်ဘူး" တဲ့။။အစ်မဆီက အမေ အသည်းအသန်ဖြစ်လို့ ဆေးရုံတင်လိုက်ကြောင်းဖုန်းရတော့ ကျွန်တော်အမေ့ဆီကိုချက်ချင်း ပြန်ခဲ့တယ်....အိုမင်းပိန်ခြောက်ပြီးအသက်ယဲ့ယဲ့လေးကို လုရှူနေတဲ့ အမေ့ကိုမြင်တော့ ကျွန်တော့်ဝမ်းနည်းမှုတွေကို ဘယ်လိုမှ ထိန်းထားလို့မရခဲ့ဘူး။.ကျွန်တော်ငိုတာကို မြင်တော့ အမေက အားတင်းပြီးပြောတယ် " သား....မငိုနဲ့ ဘယ်တော့မှမငိုပါနဲ့ အမေမနာဘူး အမေပြန်ကောင်းလာမှာပါ " တဲ့......
ကျွန်တော့်အမေလေ သေတဲ့အထိ ကျွန်တော်ကိုညာသွားတယ်။ ပြန်ကောင်းလာမယ်ဆိုတဲ့အမေ သေမင်းလက်ထဲကနေ ရုန်းမထွက်နိုင်ခဲ့ဘူး.။ ကျွန်တော့်လိုပဲ ကျွန်တော်တို့မောင်နှမ ကိုလည်း အမေ အမျိုးမျိုး ညာခဲ့ဖူးတယ်။။ လောကမှာ ရှိရှိသမျှ အမေတွေဟာ သူတို့ သားသမီး တွေကို နည်းအမျိုးမျိုးနဲ့ ညာခဲ့ဖူးကြမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်...သားသမီးတွေကသာ အမေညာတာကို အမှတ်မထားမိလို့ အမှတ်တမဲ့ နေခဲ့ကြလို့ သတိမထားမိကြတာဖြစ်ပါလိမ့်မယ်။။ အမေတွေက သူတို့ချစ်တဲ့ သားသမီး တွေကို ညှာတတ်သွားကြတာပါ။ သူငယ်ချင်းတို့ ရော ...သူငယ်ချင်းတို့ ရဲ့အမေ ရဲ့ အညာကို ခံခဲ့ဖူးလား...ဘယ်လိုအညာခံခဲ့ဖူးသလဲ..ကြုံကြိုက်တဲ့အခါ ကျွန်တော် ကိုပြောပြပါဦးလားဗျာ.......။။

(မှတ်ချက်။ ။ ကျွန်တော်ဘ၀ဖြစ်စဉ်ကိုရေးထားခြင်းတော့ မဟုတ်ပါ..အချို့အကြောင်းလေးတွေက တိုက်ဆိုင်နေလို့ ပြန်လည် ရေးသားထားခြင်းဖြစ်ပါတယ်.....တိုက်ဆိုင်မှုတွေရှိခဲ့ရင်တောင်းပန်ပါတယ်ဗျာ)

မွေးမေမေသို့ ပေးစာ(၃)




အော်…ဘာလိုလိုနဲ့သင်္ကြန်တောင်ရောက်လာပြီအမေရယ်။သူများတွေလို လွတ်လွတ်လပ်လပ်နဲ့မပျော်နိုင်ပေမယ့်အမေ့သားဒီလိုဘ၀မျိုးကိုကျေနပ်မိပါတယ် အမေရယ်။ယောင်္ကျားကောင်းတစ်ယောက်ဖြစ်ချင်လို့ဒီလမ်းကိုရွေးခဲ့တာပဲ မဟုတ်လား။တက္ကသိုလ်ဝင်တန်းဖြေပြီးကတည်းကမိဘနဲ့ခွဲခွာခဲ့ရတဲ့အတွက် သားတို့ဘ၀မှာလွမ်းမောဖွယ်ရာအလွမ်းအဆွေးဆိုတဲ့လောကဓံတရားတွေကို ခံနိုင်ရည်ရှိနေပါပြီအမေရယ်။အလွမ်းအဆွေးတွေကိုလောကဓံတရားတွေနဲ့ တင်စားတာကိုကြီးကျယ်တယ်လို့တော့မထင်ပါနဲ့အမေရယ်။သားမောင်တို့
ရဲ့အမိမြေလို့ သမုတ်ထားတဲ့ စစ်တက္ကသိုလ် ၊ပြင်ဦးလွင်မှာသုံးနှစ်သုံးမိုး ယောင်္ကျားကောင်းတို့တတ်အပ်တဲ့ပညာတွေစသင်ကြားခဲ့တဲ့အချိန်ကစပြီး အခုအချိန်ထိအလွမ်းအဆွေးတွေကိုရင်ဆိုင်ဖြတ်ကျော်ခဲ့ရလို့လောကဓံ တရားလို့တင်စားလိုက်တာပါအမေရယ်။အင်း…ဒါတွေထားပါတော့လေ………….
ဒါပေမယ့်သားမောင်တို့ရဲ့စစ်တပ်မှာသက်သာချောင်ချိရေးဆိုတဲ့စကားအတိုင်း ဘယ်နေရာရောက်ရောက်မြန်မာ့ရိုးရာပွဲတော်တွေလာတိုင်းပျော်ပျော်ရွှင်ရွှင်
စည်းစည်းလုံးလုံး နဲ့ နွှဲပျော်နိုင်ခဲ့ကြပါတယ် အမေရယ်။ဘယ်သင်တန်း တွေပဲတက်တက်ဒီညီအစ်ကိုတွေနဲ့ပဲအတူတကွပျော်ရွှင်ဆင်နွှဲခဲ့ကြပါတယ်။ အခုလည်းကြည့်ပါအုန်းအမိမြန်မာနိုင်ငံနဲ့အလွန်ဝေးကွာလှတဲ့နိုင်ငံမှာပညာသင
်ကြားနေရင်း ညီနောင်အကိုကြီးတွေ ရဲ့ကြီးကြပ်ကွပ်ကဲ မှုတွေနဲ့ အတူ သင်္ကြန်ဆိုတဲ့ မြန်မာနှစ်သစ်ကူပွဲတော်ကိုပျော်ရွှင်စွာနဲ့ဆင်နွှဲနေကြပါတယ်ဗျာ။။ဘယ်လောက်ပျော်ဖို့ ကောင်းလိုက်သလဲအမေရယ်……………သို့သော်လည်းအမေ့သားရင်မှာဖြစ်ချင်တာတဲ့ ဆန္ဒလေးတွေတော့ရှိတာပေါ့အမေရယ်။ဟိုးအရင်ကဆိုအမေနဲ့အတူဘုန်းကြီးကျောင်းမှာ ဦးပုပ်သီလတွေခံယူခဲ့တာတွေကိုအောက်မေ့မိပါသေးတယ်ဗျာ….။အမေ
ကိုယ်တိုင်လုပ်ကျွေးခဲ့တဲ့မုန့်လုံးရေပေါ်ကိုအမေ့သားစားချင်မိပါသေးတယ်အမေရယ်..
အမေ့သားအဖြစ်ချင်ဆုံးဆန္ဒတစ်ခုကတော့ဟိုးအရင်နှစ်သင်္ကြန်လိုပဲအမေ့ရဲ့ခြေသည်း
လက်သည်းတွေကို သားညှပ်ပေးချင်ပါတယ်။အမေ့ရဲ့ရှည်လျားတဲ့ဆံနွယ်တွေကိုသား
လက်တွေနဲ့လျှော်ပေးချင်ပါသေးတယ်..အမေရယ်.. ဤကောင်းမှုကုသိုလ်တွေကို
သားမောင်မလုပ်ပေးနိုင်တော့ပေမယ့်…ရင်ထဲမှာတော့ နှစ်စဉ်ဖြစ်ပေါ်နေမှာပါအမေရယ်။
ဒီအချိန်ဆိုအမေဘာလုပ်နေမလဲ..ခါတိုင်းနှစ်တွေလိုပဲဦးပုပ်သီလစောင့်တည်နေမလား။
အမေ့ကိုဘယ်သူများခေါင်းလျှော်ပေးနေမလဲ။ဘုန်းကြီးကျောင်းလိုက်ပို့မယ့်လူကောရှိရဲ့လား…
သားမောင်ရင်မောမိတာတော့အမှန်ပါအမေရယ်...အရင်တုန်းကသူငယ်ချင်းတွေနဲ့နောက်ဆုံး
နေ့မှာ အတူတကွပျော်ရွင်ခဲ့တဲ့သင်္ကြန်နောက်ဆုံးရက်တွေကိုပြန်လည်မြင်ယောင်နေမိတယ်အမေရယ်
….သင်္ကြန်ဆိုရင် အိမ်ထဲကနေအိမ်ပြင်မထွက်တဲ့သားမောင်ကိုအမေကအတင်းမောင်ထုတ်တဲ့ ပုံရိပ်လေးတွေကိုမြင်ယောင်နေမိတယ်…အခုတော့လွမ်းမောစရာလေးတွေပေါ့အမေရယ်…
အင်းပြောရင်း
နဲ့တစ်ယောက်သောသူကိုတောင်သတိရလာမိတယ် အမေရယ်…ဘာလို့လဲဆိုတော့အဲဒီသင်္ကြန်နောက်ဆုံး
နေ့မှာပဲတစ်ယောက်သော သူနဲ့စတွေ့ခဲ့ကြတာလေ..အင်းသားမောင်တို့လိုစစ်သားဘ၀မှာဖူးစာရှင်ဆိုတာ
တွေလည်း မစဉ်းစားနိုင်ပါဘူးအမေရယ်။။ရောက်လေရာအရပ်မှာပဲကိုယ်နဲ့ထိုက်တန် တဲ့ပါရမီဖြည့်ဘက်ကိုရှာရတော့မယ်ထင်ပါတယ်ဗျာ………….အင်း…..သားမောင်ပြောချင်တာတွေလည်း လည်းပြည့်စုံသလောက်ရှိနေပါပြီ။အမေလည်းစာဖတ်ရတာညောင်းနေလောက်ပြီပေါ့ ။ သားမောင်မှာချင်တာ
တော့ ထွေထွေထူးထူး မရှိပါဘူး။ သားမောင်တို့ကျောင်းမှာသူ့အဖွဲ့အစည်းနဲ့သူစည်းလုံးညီညွှတ်စွာလုပ်
ကောင်ဆောင်ရွက်နေပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကူညီဖေးမမှုနဲ့အတူရင့်ကျက်တဲ့အကိုကြီးတွေရဲ့
ကြီးကြပ်ကွပ်ကဲမှုကြောင့်သားမောင်အတွက်အစစအရာရာစိတ်ချပါအမေ..။အမေသာ
သင်္ကြန်မှာဦးပုပ်သီလ
ဆောက်တည်ပြီးတရားဓမ္မတွေ ကောင်းကောင်းအားထုတ်နိုင်အောင်ကြိုးစားနိုင်ရင်ပဲသားမောင်ကျေနပ်လှပါပြီ အမေရယ်…..ဒီစာကိုဖတ်ရင်းအဝေး တမြေမှ မွေးမေမေ တစ်ယောက် သားမောင်ရဲ့ရင်တွင်းစကားတွေကိုကြားသိနိုင်ပါစေဗျာ……*……………

(ဤဆောင်းပါးလေးက ၂၀၀၉ ခုနှစ်၊သင်္ကြန်ဆောင်းပါးပြိုင်ပွဲတွင် အထူးဆု ရရှိခဲ့ပါတယ်၊
အမေ့ရဲ့ကျေးဇူးကြောင့်လားမသိပါဘူး အမေရယ်၊သား ပီတိတွေဖြစ်မိတယ်ဗျာ)
Saturday, May 9, 2009

မေမေ့မှာတမ်း အလွမ်းစာ


ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ၊
စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချည့်နဲ့နဲ့လက်တွေနဲ့ထမင်းဟင်းတွေအင်္ကျီအပေါ် ဖိတ်စင်သွားတဲ့အခါအကျီင်္၊လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက
ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ၊
အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ
ကျေးဇူးပြုပြီး နားထောင်ပေးပါ။
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ်
နိပါတ်တော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို
မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။

မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။
ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲံ
ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။ ငယ်ငယ်တုန်းက
`ဘာကြောင့်ဆိုတဲ့´ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို
သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ
ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်
လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ၊
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကို ကြည့်ပြီး ၀မ်းမနည်းပါနှင့်
နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို
အခုချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။
ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီ
အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။အော်မင်းတို့လည်း ဘ၀နိဂုံး ကျရင်ငါ့လိုပဲပြောကြမှာပါလား
.........**.........
Thursday, February 26, 2009

ဆန်ရေ


* ဆံပင်ဖြူတွေတစ်ခါပြန်နက်ဖို့ ဘယ်လောကီလူ့ပညာ မတတ်နိုင်စွမ်းသာ၊ လောကဓမ္မတာ....
ွ မွေးအဖေရဲ့မြတ်ကျေးဇူးတွေ၊ မွေးအမေရဲ့မြတ်ကျေးဇူးတွေစပ်လို့မကုန်ဘူး..
* နားခိုဖို့ရင်ခွင်နွေးထွေးတဲ့မေတ္တာငတ်ခဲ့သူတစ်ယောက်မှာရှာသဲလွန်စငါလိုက်ဦးမယ်မိဘနှစ်ပါး
ကိုတွေ့ရင်တော့ရှိသမျှအားနဲ့လုပ်ကျွေးမယ်လို့...
* ရေဆိုတာစုန်တဆင်းမြဲရေဆိုတာဆန်ရိုးမရှိတဲ့ပြောပေမဲ့လည်း...
ဆည်မှန်ရင်ခဏလေးတားလို့ လူကြုံရင်ခဏလေးရပ်လို့အမြင့်ပို့နိုင်ရဲ့
* တရားဓမ္မပွဲဝိုင်းလို့ရယ် အရာတိုင်းမှာပြည့်စုံစွာထားနိုင်ဖို့ရာသားကြိုးစားမှာ...
အမေ့ရွာကိုနောက်ဆုံးမသွားခင် တရားရွှေရိပ်အောက်ငြိမ်းချမ်းမှု့ ရသွားစေမယ်...
* သံသရာမှာဆွေမျိုးစပ်ရင်လူမှန်ရင် အကုန်အမျိုးကြည့်ပဲ ဘ၀အဖေအမေရယ်..
ဆန်ရေမှန်တန်ဖိုးကြီးသမို့ဆန်ရေဟာကြူံရခဲသမို့ကန်တော့ခံပါလို့..
* တရားဓမ္မပွဲကြားက၀င် အရာတိုင်းမှာပြည့်စုံစွာထားနိုင်ဖို့ရာသားကြိုးစားမှာ..
အဖေ့ရွာကိုနောက်ဆုံးမသွားခင် တရားရွှေရိပ်အောက်ငြိမ်းချမ်းမှု့ ရသွားစေမယ်..
* နားခိုဖို့ရင်ခွင်နွေးထွေးတဲ့မေတ္တာငတ်ခဲ့သူတစ်ယောက်မှာ ရှာသဲလွန်စငါလိုက်ဦးမယ်မိဘနှစ်ပါးကို
တွေ့ရင်တော့ရှိသမျှအားနဲ့လုပ်ကျွေးမယ်လို့..
* ရေဆိုတာစုန်ဆင်းမြဲရေဆိုတာဆန်ရိုးမရှိတဲ့ပြောပေမဲ့လည်း..
ဆည်မှန်ရင်ခဏလေးတားလို့လူကြုံရင်ခဏလေးရပ်လို့အမြင့်ပို့နိုင်ရဲ့..
* ဆံပင်ဖြူတွေတစ်ခါပြန်ဖို့ဘယ်လောကီလူ့ပညာ မတတ်နိုင်စွမ်းသာ၊လောကဓမ္မတာ..
မွေးအဖေရဲ့မြတ်ကျွေးဇူးတွေ၊မွေးအမေရဲ့မြတ်ကျေးဇူးတွေစပ်လို့မကုန်ဘူး.....